text
stringlengths
0
4.2k
(၃) ရွက်ကြွေသစ်တောဒေသ
နွေးသောသမပိုင်းဒေသဖြစ်သည့် ဗြိတိသျှကျွန်းစု၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊
ဒိန်းမတ်၊ ပိုလန်၊ ဂျာမနီနိုင်ငံအနောက်ပိုင်းတို့ ပါဝင်သည်။ တစ်နှစ်တစ်ကြိမ် အရွက်ကြွေသော သစ်ပင်များနှင့် သစ်မာများ ပေါက်သည်။ ယခုအခါ လူနေအိမ်ခြေ များလာသည့်အလျောက် သစ်တောများ ခုတ်ထွင်ရှင်းလင်း၍ အတော်ပင် ပါးနေလေသည်။
(၄) သမပိုင်းမြက်ခင်းဒေသ
ရုရှားနိုင်ငံတောင်ပိုင်းနှင့် ဟန်ဂေရီ လွင်ပြင်တို့ပါဝင်သည်။ စတက်မြက်ခင်းပြင် ဟုလည်း ခေါ်သည်။
တွေ့ရှိရသောသားကောင်များနှင့်ဓာတ်သတ္တုများ
ဥရောပတိုက်သည် အာရှ၊ အာဖရိကစသောတိုက်များ နှင့်နှိုင်းစာလျှင် သားရဲတိရစ္ဆာန်ရိုင်းများ အလွန်နည်းပါးသောတိုက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သစ်တောများကို ခုတ်ထွင်၍ လူနေအိမ်ခြေများဆောက်ကာ မြို့များ တည်ထောင်ထား သောကြောင့်ဖြစ်သည်။ တိရစ္ဆာန်များကို အယ်လ်ပ်တောင်သစ်တောများ၌ လည်းကောင်း၊ ပီးရနီးနှင့် ကာပေသီယန်တောင်တန်းများ၌ လည်းကောင...
ဥရောပတိုက်သည် သတ္တုအများအပြား ထွက်သောဒေသဖြစ်သည်။ ကျောက်မီးသွေးကို နေရာအတော်များများ၌ တွေ့ရှိရသည်။ အထူးသဖြင့် ဗြိတိန်၊ စပိန်၊ ချက်ကိုစလိုဗားကီးယား၊ ဂျာမနီ၊ ရုရှနိုင်ငံတောင်ပိုင်းတို့တွင် အများအပြား တွေ့ရှိ ရသည်။ သံကို ဆွီဒင်၊ ဂရိတ်ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြီးယားနှင့် ရုရှနိုင်ငံတို့တွင်လည်းကောင်း၊ သွပ်ကို ဂရိတ်ဗြိတိ...
လူမျိုးနှင့်ကိုးကွယ်သည့်အယူဝါဒ
ဥရောပတိုက်သည် အကျယ်အဝန်းအားဖြင့် ဒုတိယ အငယ်ဆုံးတိုက် ဖြစ်သော်လည်း လူဦးရေအားဖြင့်မူ ဒုတိယ အများဆုံးတိုက်ဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ် ခန့်မှန်းခြေအရ ဥရောပတိုက်၏ လူဦးရေသည် ၄၆၆,ဝဝဝ,ဝဝဝ ဖြစ်သည်။
အာရှတိုက်တစ်တိုက်သာလျှင် ဥရောပတိုက်ထက် လူဦးရေများ လေသည်။ လူဦးရေ များသလောက်လည်း လူမျိုးပေါင်းလည်း များသည်။ ပါဝင်သည့်နိုင်ငံဦးရေထက် လူမျိုးဦးရေက များသေး သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံတွင် လူမျိုး တစ်မျိုးမကရှိသောကြောင့်ဖြစ်သည်။ ယူဂိုစလားဗီးယားတစ်နိုင်ငံထဲ၌ပင် ဆဗ်၊ ကရိုးအက်၊ ဆလိုဗင်း လူမျိုးဟူ၍ တိုင်းရင်းသား လူ...
(၁) ဂရိလူမျိုးစု၊
(၂) ပြင်သစ်၊ အီတာလျံ၊ စပင်းနစ်၊ ပေါ်တူဂီ၊ ရိုမေးနီးယန်း၊ ဝေါလွန်းလူမျိုးများပါဝင်သည့် လက်တင်လူမျိုးစု၊
(၃) အိုင်းရစ်၊ ဝဲ့လရှ၊ ဗြိတိန်နှင့် စကော့တလန်မြေမြင့်သားတို့ ပါဝင်သော ကဲ့လူမျိုးစု၊
(၄) အင်္ဂလိပ်၊ ဂျာမန်၊ ဒပ်ချ်၊ဖလင်းမင်း၊ ဒိန်း၊ နော်ဝေးလူမျိုး၊ ဆွိလူမျိုးများ ပါဝင်သည့် ကျူတောနစ်လူမျိုးစု၊
(၅) ရုရှ၊ ပိုး၊ ချက် ဆလိုဗက်၊ ဆလိုဗင်း၊ ကရိုးအက်နှင့် ဆဗ်လူမျိုးတို့ပါဝင်သော ဆလာဗစ်လူမျိုးစု၊
(၆)လက်၊လစ်သူယေး နီးယန်းလူမျိုးတို့ပါဝင်သော ဗောလတစ်လူမျိုးစုတို့ဖြစ်ကြသည်။
ဥရောပတိုက်၌ နေထိုင်သူများအနက် ၉၆ ရာခိုင်နှုန်း သည် ခရစ်ယာန်အယူဝါဒီများဖြစ်ကြသည်။ ယင်းတို့အနက်
၄၄ ရာခိုင်နှုန်းသည် ရိုမန်ကတ်သလစ်၊ ၂၇ ရာခိုင်နှုန်းသည် ပရို တက်စတန့်၊ ၂၅ ရာခိုင်နှုန်းသည် အောသိုဒေါ့ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ အိုင်ယာလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ အနောက်ပိုင်းနှင့်တောင်ပိုင်း၊ အီတလီ၊ ဩစတြီးယား၊ ဟန်ဂေရီ၊ ပိုလန်နိုင်ငံများ၌ ရိုမန်ကက်သလစ် ဂိုဏ်းဝင်များ၍ ဖင်း၊ အက်စတိုးနီးယန်း၊ လက်လူမျိုးများနှင့် ခ...
ဗော်လကန် လူမျိုးများ ဖြစ်ကြသည်။
ဥရောပတိုက်သားတို့ ပြောဆိုသုံးစွဲသော စကားသည် ဘာသာပေါင်း ၆ဝ ခန့် ကွဲပြားလျက်ရှိသည်။ ယင်းတို့အနက်
ဥရောပမြောက်ပိုင်းတို့၌ ပြောဆိုကြသောကျူတောနစ် ဘာသာ စကား၊ ဥရောပအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း၌ ပြောဆိုကြ သော ဆလာဗိုနစ် ဘာသာစကား၊ ဥရောပတောင်ပိုင်းနှင့် အနောက်ပိုင်းတို့၌ ပြောဆိုကြသော ရိုမန်နစ်ဘာသာစကားတို့ သာ အဓိကဘာသာစကားများ ဖြစ်ကြသည်။ အင်္ဂလိပ်ဘာသာ စကားကို တစ်ခါတ‌လေ ကျူတောနစ်ဘာသာစကားအစစ်ဟု ဆိုကြ၍ တစ်ခါတစ်ရံ ကျူတောနစ်န...
နှစ်ခု ပေါင်းစပ်ထားသော ဘာသာစကားဟု ဆိုကြသည်။ ဘာသာစကားတူသော်လည်း အသံကွဲလည်းရှိသေးသည်။ ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ပြောသော ပြင်သစ်စကားနှင့် မြောက်ပိုင်း၌ ပြောသော ပြင်သစ်စကားသည် ဘာသာခြင်း တူသော်လည်း အသံချင်းကွဲလေသည်။ ဥရောပတိုက်ဒေသများများ၌ အင်္ဂလိပ်၊ ပြင်သစ်နှင့်ဂျာမန်ဘာသာစကားကို အသုံးများကြသည်။ အချို့လူတို့သည် ယင်းဘာသာစကား...
အလုပ်အကိုင်
ဥရောပတိုက်သည် စက်မှုလက်မှုထွန်းကားသောတိုက် ဖြစ်သဖြင့် ဥရောပတိုက်သားတို့သည်စက်မှုလက်မှုကို အဓိကထား၍ လုပ်ကိုင်ကြသည်ဟု ယူဆဖွယ်ဖြစ်သော်လည်း အမှန်အားဖြင့်မူ လယ်ယာနှင့် မွေးမြူရေးလုပ်ကိုင်သူဦးရေက စက်မှုလက်မှု လုပ်ကိုင်သူဦးရေထက် များသည်ကိုတွေ့ရသည်။ ဥရောပတိုက်သည် အခြားတိုက်များထက် ဂျုံ၊ အာလူး၊ သကြား၊ အုတ်ဂျုံတို့ ပို၍ထွက်သည်။ ...
ဥရောပတိုက်ရှိ စက်မှုလက်မှုထွန်းကားသောနိုင်ငံများမှာ ဗြိတိသျှကျွန်းစု၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှ၊ ဆွီဒင်၊ ဘယ်ဂျီယမ်၊ နယ်သာလန်၊ အီတလီမြောက်ပိုင်းနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံတို့ဖြစ်ကြသည်။ အထူးသဖြင့် ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်ရရှိသော ဒေသများတွင် စက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလေသည်။ ဒုတိယကမ္ဘာစစ်အထိ စက်မှုလုပ်ငန...
၁၉၅၂ ခုနှစ်မှစ၍ ဥရောပရှိ ပြင်သစ်၊ အနောက်ဂျာမနီ၊ ဘယ်လဂျီယန်၊ အီတလီ၊ နယ်သာလန်နှင့် လူးဇင်းဗပ်နိုင်ငံ ခြောက်နိုင်ငံတို့သည် ပူးပေါင်း၍ ဥရောပတိုက်ကျောက်မီးသွေးနှင့် သံမဏိလုပ်ငန်းစုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့က ထိုဒေသများမှ ထွက်သော သံမဏိနှင့် ကျောက်မီးသွေး ထုတ်လုပ်ရေး၊ ရောင်းချရေးတို့ကို စီမံဆောင်ရွက်သည်။ ထိုအဖွဲ့၏ လုပ...
ဥရောပတိုက်တွင် နိုင်ငံကြီးပေါင်း ၂၇ နိုင်ငံနှင့် နိုင်ငံငယ်ကလေးပေါင်း ရှစ်နိုင်ငံပါဝင်သည်။ ဗက်တီကန်နန်းမြို့ကဲ့သို့ တစ်စတုရန်းမိုင်၏ ခြောက်ပုံတစ်ပုံကျယ်သော နိုင်ငံကလေးမှ ၁,၈ဝ၄,၅၇၉ စတုရန်းမိုင်ကျယ်သော ဆိုဗီယက်ရုရှ
နိုင်ငံကြီးအထိပါဝင်သည်။ ယင်းသည့်နိုင်ငံများမှာ ချက်ကိုဆလိုဗားကီးယား၊ ဂရိ၊ ဂျာမနီနိုင်ငံ၊ စပိန်၊ စိုက်ပရပ်၊ ဆိုဗီယက်ရုရှ၊ ဆန်မာရီနို၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီ၊ ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူဂယ်၊ ပိုလန်၊ ပြင်သစ်၊ ဖင်းလန်၊ ဘူလဂေးရီးယား၊ ဘယ်လဂျီယမ်၊ ဗက်တီကန်နန်းမြို့၊ မော်လတာ၊ မိုနာကို၊ ယူဂိုစလားဗီးယား၊ ယူနိုက်တက်ကင်း...
ကွန်မြူနစ်အုပ်စုပိုင်းနှင့် ကွန်မြူနစ်မဟုတ်သော အုပ်စုပိုင်းတို့ ဖြစ်သည်။ ကွန်မြူနစ်အုပ်စုကို အရှေ့အုပ်စုဟုခေါ်၍ ကွန်မြူနစ် မဟုတ်သောအုပ်စုကို အနောက်အုပ်စုဟုခေါ်သည်။ အရှေ့အုပ်စု ဝင် နိုင်ငံများသည် ဗောလတစ်ပင်လယ်မှ ပင်လယ်နက်အကြား ရှိ နိုင်ငံများဖြစ်၍ များသောအားဖြင့် ရုရှဩဇာခံများဖြစ်ကြ သည်။ ယင်းတို့ကို ဝါဆောစာချုပ် အဖွဲ့ဝင...
ခေါ်သော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ ဖွဲ့၍လည်းကောင်း၊ စီးပွားရေးအတွက် စီးပွားရေးစုပေါင်းလုပ်ကိုင်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့၊ ဗဲနီလပ်ယူနီယံ၊ ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့၊ ဥရောပဘုံဈေး စသည်တို့ဖွဲ့ကြသည်။ အုပ်ချုပ်ရေးအတွက် ဥရောပပါလီမန် တည်ထောင်ရန် ဆောင်ရွက်နေခြင်းပင် ခရီး အသင့်အတင့် ရောက်လျက်ရှိသည်။
ဥရောပတိုက်တွင် ကွန်မြူနစ်အုပ်စုနှင့် ကွန်မြူနစ် ဆန့်ကျင်ရေးအုပ်စုသာ ရှိသည်မဟုတ်၊ ကြားနေနိုင်ငံများလည်း
ရှိသည်။ ဆွစ်ဇာလန်၊ ဆွီဒင်၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ဖင်လန် နိုင်ငံစသည်တို့ဖြစ်သည်။
သမိုင်း
ခရစ်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ ကျော်ကပင် ဥရောပတိုက်တွင် ယဉ်ကျေးမှုထွန်းကားခဲ့သည်။ ဂရိကျွန်းဆွယ်တောင်ဘက် မြေထဲပင်လယ်ရှိကရိကျွန်းစုမှ ဥရောပယဉ်ကျေးမှု စတင်ခဲ့လေသည်။ ကရိကျွန်းသူ ကျွန်းသားများသည် အနီးရှိ
ဂရိကျွန်းဆွယ်သို့ ရွက်သင်္ဘောများလွှင့်ကာ သွားလာရောင်းဝယ်ရာမှ ခရစ်မပေါ်မီ အနှစ် ၁ဝဝဝ လောက်တွင် ဂရိကျွန်းဆွယ်သို့ ယဉ်ကျေးမှုရောက်လာသည်။ ထိုအချိန်တွင် ဂရိကျွန်းဆွယ်သို့ အာရှတိုက်မှဘက်ဘီလုံယဉ်ကျေးမှု၊ အာဖရိကတိုက်မှအီဂျစ်ယဉ်ကျေးမှုတို့ ရောက်ရှိလာပြန်ရာ ဂရိယဉ်ကျေးမှုသည်
တစ်ဟုန်တည်းတိုးတက်လာသည်။ ဘီစီ ၅ဝဝ ခန့်ရောက်သောအခါ ဂရိနိုင်ငံတွင် လူထုမဲဆန္ဒပေးပွဲများကျင်းပကာ နိုင်ငံငယ်
လေးများ ထူထောင်ကြသည်။ အေသင်နိုင်ငံ၊ စပါးတားနိုင်ငံ
စသည်ဖြင့် ပေါ်ပေါက်လာရာ အေသင်နိုင်ငံသည် ယဉ်ကျေးမှု
ဗဟိုအချက်အချာဒေသ ဖြစ်လာသည်။
ဂရိကျွန်းဆွယ်၏အနောက်ဘက်ရှိ အီတလီကျွန်းဆွယ်၌လည်း ဘီစီ ၁ဝဝဝခန့်ကပင် ယဉ်ကျေးမှုများ ထွန်းကားလျက်ရှိသည်။ အီတလီကျွန်းဆွယ်၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဒေသသည် ရောမမြို့ဖြစ်သည်။ ဂရိယဉ်ကျေးမှုနှင့် ရောမယဉ်ကျေးမှုသည် ခေတ်ပြိုင်လည်းဖြစ်၊ ဒေသချင်းလည်း နီးစပ်ရကား ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံလျက် ရှိသဖြင့် အချို့က ဂရိကို ရိုမန်ယဉ်ကျေးမှ...
မကင်းချေ။ ရောမတို့သည် အုပ်ချုပ်ရေး၌လည်းကောင်း၊
စစ်မက်ရေး၌လည်းကောင်း အင်အားတောင့်လာသောအခါ ရောမနိုင်ငံတော်ကို ချဲ့ထွင်၍ အင်ပိုင်ယာတည်ထောင်ကြသည်။
ရောမအင်ပိုင်ယာသည် မြေထဲပင်လယ်တစ်လျှောက် အရှေ့စွန်းမှ အနောက်စွန်းတိုင် ရောက်ရုံမက မြောက်ဘက်အင်္ဂလန်ပြည်သို့ပင်တိုင်သည်။ ရောမတို့သည် လမ်းများဖောက်လုပ်ခြင်း၊
အုပ်ချုပ်ရေးဥပဒေများ ပြဋ္ဌာန်းခြင်းတို့ ပြုကြသည်။ ရောမတို့သည် ဂရိတို့ကို အနုပညာနှင့်စာပေအရာတွင် မမီချေ။ သို့ရာ
တွင် ဂရိတို့ထက် လက်တွေ့လုပ်ငန်းများ၌ သာသည်ဟု ဆိုရ
ပေမည်။ စည်းရုံးရေး၊ အုပ်ချုပ်ရေးတို့၌ ရောမတို့သည် အထူး
ကျွမ်းကျင်သူများဖြစ်ကြသည်။ ဂရိတို့သည် အနုပညာနှင့် ဒဿနိကဗေဒတို့ကို နှစ်သက်ကြသကဲ့သို့ ရောမတို့သည် ဥပဒေပညာကို နှစ်သက်ကြသည်။ ဂျပ်စတင်းနီးယန်းမင်း လက်ထက်တွင် ရောမနိုင်ငံ၌ ပြဋ္ဌာန်းခဲ့သမျှသော ဥပဒေများကိုလည်းကောင်း၊ ထုတ်ပြန်ခဲ့သမျှသော ဥပဒေများကိုလည်းကောင်း
တစုတပေါင်းတည်း ပြုလေသည်။ ထိုဥပဒေစုကို ယခုအခါတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံအများအပြားက သုံးစွဲလိုက်နာနေကြလေသည်။
လေးရာစုနှစ်ခန့် ရောက်သောအခါ ရောမအင်ပိုင်ယာကြီးသည် အနောက်ရောမ၊ အရှေ့ရောမဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။
ယင်းသို့ယိမ်းယိုင်စဉ် ဖရန့်၊ ဗာဂန်ဒီယန်၊ ဗင်းဒေါ၊ ဂေါလ၊ ဗီစီဂေါ့သ၊ လောင်းဗတ၊ ဆက်ဆွန်၊ အန်းဂဲစသော ဥရောပ အရိုင်းလူမျိုးများသည် ကျီးပြိုသကဲ့သို့ပြို၍ ရောမဖက်ဆီသို့ ဆင်းလာကြရာ ရောမတို့ မခုခံနိုင်တော့သဖြင့် အရိုင်းလူမျိုးများလက်သို့ လုံးဝကျရောက်သွားသည်။ အချို့လည်း ရောမယဉ်ကျေးမှု ဟူသမျှကိုဖျက်၍ တစ်ထီးတစ်နန်း ထူထောင်ကြသည်။
ရောမခေတ်သည် ခရစ်နှစ် ၄၇၂ ခုတွင် ကုန်ဆုံးသည်ဟု အချို့ကဆိုကြသည်။ သို့ရာတွင် နောက်ထပ် ပေါ်ထွန်းလာသော
ဥရောပအလယ်ပိုင်းနိုင်ငံများ၏ ယဉ်ကျေးမှုကို လွှမ်းမိုးနိုင်လောက်အောင် ထင်ရှားခြင်းမရှိစေကာမူ လုံးဝမှေးမှိန်သွားခြင်းကားမရှိချေ။
ရောမခေတ်မှေးမှိန်သည့် ငါးရာစုနှစ်မှ ၁၅ ရာစုနှစ်အတွင်း အနှစ်တစ်ထောင်ကာလကို ဥရောပအလယ်ခေတ်ဟု
ခေါ်သည်။ အရိုင်းလူမျိုးတို့ ဝင်ရောက်တိုက်ခိုက်ရာဖြစ်သောဒေသများတွင် ထီးပြိုင်နန်းပြိုင်များပေါ်လာကြသည်။ လောင်းဗတ်တို့သည် ယခုခေတ် အီတလီနိုင်ငံတည်ရာဒေသ၌ မင်းမူကြသည်။
ဖရန့်တို့သည် ယခုခေတ် ပြင်သစ်နှင့်ဂျာမနီနိုင်ငံတည်ရာဒေသ၌
မင်းမူကြသည်။ ဆက်ဆွန်နှင့် အန်းဂဲတို့သည် ယခုခေတ်ဗြိတိန်
နိုင်ငံတည်ရာဒေသ၌ မင်းမူကြသည်။ သို့ရာတွင် ရောမတို့၏
ဓလေ့ထုံးစံကို ဖျက်ဆီးခြင်းမပြုဘဲ လက်ခံကြသူက လက်ခံကြ
သည်။ ရောမတို့၏ လက်တင်ဘာသာနှင့် စာစကားကိုသုံးစွဲလာ
ကြသည်။ ကာလကြာသော် ရောမလူမျိုးနှင့် အရိုင်းလူမျိုးတို့
သွေးနှောရောယှက်လာကြသည်။ ရောမယဉ်ကျေးမှု နေရာတွင်
အုပ်ချုပ်ရေး၊ နေထိုင်စားသောက်ရေး၊ ပျော်ရွှင်ရေးစသော
ဥရောပ ယဉ်ကျေးမှုအသစ် ထွန်းကားလာသည်။
ရောမနိုင်ငံ မပျက်သုဉ်းမီက ထွန်းကားစပြုလာသော
ခရစ်ယာန်သာသနာသည် ရောမနိုင်ငံကြီး ပျက်သုဉ်းပြီးသော
အခါ ဥရောပတိုက်တွင် ပိုမိုထွန်းကားလာသည်၊ ၆ ရာစုနှစ်ခန့်
တွင် ဖရန့်လူမျိုး၊ ဗီစီဂေါ့သလူမျိုးနှင့်